Back to learning
Mindset Vitamins Aug 11, 2026

သမုဒ္ဒယနဲ့ ချည်တဲ့နွယ်

မလွတ်မြောက်နိုင်ခြင်းရဲ့ အမည်သာမဟုတ်ဘူး ...မပြိုလဲအောင် အချင်းချင်း ဆက်နွယ်ထားပေးတဲ့ မေတ္တာရဲ့ အမည်လည်း ဖြစ်နိုင်ပါတယ်

သမုဒ္ဒယနဲ့ ချည်တဲ့နွယ်
မနက်အိပ်ရာနိုးတာနဲ့ Notification တွေကို အရင်ကြည့်ပြီး ကိုယ့်မျက်နှာကိုယ် နောက်မှကြည့်ဖြစ်တဲ့ခေတ် … AI က နေ့တိုင်း ပိုတော်လာတယ် … လူကတော့ … မနက်ဖြန်ဆိုတာ ရှိနေဦးမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဒီနေ့ကို ဖြတ်သန်းနေရတယ် … ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရဲ့ ဝန်ထမ်းငယ်တွေအတွက် “တိုးတက်မှု” ဆိုတာ လစာတိုးလာခြင်းထက် ကုန်ဈေးနှုန်းနောက် မကျန်ခဲ့ဖို့ ပြေးနေရခြင်းမျိုး … Skill အသစ်တွေ သင်တယ် … Tool အသစ်တွေ လေ့လာတယ် … Trend တွေနောက် လိုက်တယ် … CV ကို update လုပ်တယ် … ကိုယ့်ကိုယ်ကိုတော့ update မလုပ်ဖြစ်တာ ကြာပြီ ... တစ်ဖက်မှာလည်း ဆုံးရှုံးမှာကြောက်တဲ့သူတွေက တခြားလူတစ်ယောက်ရဲ့ ပင်ပန်းမှုကို ကိန်းဂဏန်းအဖြစ်ပဲ မြင်လာကြတယ် … Deadline ရှိတယ် … Target ရှိတယ် … KPI ရှိတယ် … ဒါပေမယ့် … လူတစ်ယောက်ရဲ့ စိတ်ဟာ ဘယ်လောက်အထိ ခံနိုင်ရည်ရှိသေးလဲဆိုတဲ့နေရာမှာ တိုင်းတာပေးမယ့် dashboard တော့ မရှိသေးဘူး … ငါတို့တွေလည်း အနာဂတ်ကို တည်ဆောက်ပေးနေကြရင်းနဲ့ပဲ ကိုယ့်အနာဂတ်ကိုယ် မသေချာကြတော့ဘူး … System တွေကို scalable ဖြစ်အောင်လုပ်ပေမယ့် ကိုယ့်ဘဝကိုတော့ လကုန်အထိပဲ ဆွဲဆန့်ထားရတယ် … Bug တွေကို ဖြေရှင်းပေးနိုင်ပေမယ့် ရင်ထဲက “ငါ အဆင်ပြေပါ့မလား” ဆိုတဲ့ error ကိုတော့ ဘယ် log ထဲမှာမှ ရှာမတွေ့သေးဘူး … ဒါတောင် ငါတို့ ပြေးနေကြဆဲပါပဲ … ပိုကောင်းတဲ့ဘဝဆီလား …??? နောက်မကျန်ခဲ့ဖို့ပဲလား …??? မသိဘူး ……………………. ပြေးလေလေ သောကတွေ တိုးလာတယ် … မြင်လေလေ ကိုယ်က သေးငယ်သွားသလို ခံစားရတယ် … လောကကြီးက အမြဲတမ်း online ဖြစ်နေပြီး ငါတို့ရဲ့ မျှော်လင့်ချက်တွေကတော့ လိုင်းခဏခဏကျနေတယ် … “Future” ဆိုတာ တကယ်ပဲ အဝေးကြီးမှာလား …??? ဒါမှမဟုတ် အနာဂတ်ရောက်ဖို့ ကြိုးစားရင်း လက်ရှိဘဝကို တစ်စစီ ပေးဆပ်နေတာလား … ငါတို့ကို ချည်ထားတာ အလုပ်တစ်ခုတည်း မဟုတ်ဘူး … မိသားစု၊ တာဝန်၊ အိပ်မက်၊ ကြောက်ရွံ့မှု၊ မလုံလောက်ခြင်းနဲ့ မစွန့်လွှတ်နိုင်ခြင်းတွေ … ဖြတ်ပစ်ရင်လည်း နာမယ် … ဆက်ချည်ထားရင်လည်း မွန်းကျပ်မယ် … ဒါပေမယ့် ဒီနွယ်တွေကြားထဲမှာပဲ ငါတို့ဟာ အချင်းချင်း လူသားဆန်ပေးနိုင်သေးမယ်ဆိုရင် … မေးခွန်းအမှတ်အသားတွေနဲ့ ပြည့်နေတဲ့ အနာဂတ်ဟာ နည်းနည်းတော့ နီးလာကောင်းပါရဲ့ … ငါတို့ မရပ်တမ်းပြေးနေကြတာ မှန်တယ် … ဒါပေမယ့် တစ်ခါတလေ ဘေးကလူတစ်ယောက် မောနေပြီလားလို့ လှည့်ကြည့်ပေးဖို့၊ ကိုယ်တိုင်လည်း မောနေပြီဆိုတာ ဝန်ခံဖို့၊ ခဏလောက် ရပ်နားရဲဖို့ လိုတယ် … အနာဂတ်ကို ရောက်ဖို့ လူသားဆန်ခြင်းကို စွန့်ပစ်ခဲ့ရမယ်ဆိုရင် …. အဲဒီအနာဂတ်ဟာ ငါတို့သွားချင်ခဲ့တဲ့ နေရာ တကယ်ရော ဟုတ်ပါဦးမလား …???

Need implementation help related to this topic?

Talk to Our Team

More Reading

Related Learning Posts

Continue exploring adjacent implementation topics.

Pharma Environment

Pharma Field Sales App ဆိုတာ ဘာလဲ? - MR/SR Workflow ကို Digital ပြောင်းသင့်တဲ့အကြောင်း

Pharma company တစ်ခုမှာ MR/SR အလုပ်လုပ်တယ်ဆိုတာ product မိတ်ဆက်တာတစ်ခုတည်းမဟုတ်ပါဘူး။ နေ့စဉ် doctor, clinic, pharmacy, hospital, distributor တွေနဲ့တွေ့ဆုံရတယ်။ Product အကြောင်းပြောရတယ်။ Follow-up ပြန်လုပ်ရတယ်။ Order request တွေမှတ်ရတယ်။ Supervisor ကို report ပေးရတယ်။ Company owner ကလည်း field activity ကိုအချိန်မီမြင်ချင်တယ်။ ဒီ workflow တွေကို notebook, Excel, Viber, phone note, screenshot, memory တွေနဲ့ပဲထိန်းနေရင် team ကြီးလာတဲ့အခါ data ပျောက်တာ၊ follow-up မေ့တာ၊ report မမှန်တာ၊ customer history မတိကျတာတွေဖြစ်လာနိုင်ပါတယ်။ Pharma Field Sales App ဆိုတာ ဒီလို field workflow တွေကို MR/SR, Supervisor, Company Owner အဆင့်အလိုက် စနစ်တကျ run နိုင်အောင်ကူညီပေးတဲ့ digital platform ဖြစ်ပါတယ်။

Read article
AI Art

AI ခေတ်မှာ ဂီတကို ဘယ်လို ‘Mastermind’ လုပ်မလဲ?

ChatGPT, Gemini .. စတဲ့ AI တွေကို ပုံလေးထုတ်ခိုင်းလိုက်၊ မသိတာလေး မေးလိုက် ၊ Prompt လေး လုပ်ခိုင်းလိုက် စသည်ဖြင့် သုံးတာများပေမယ့်.. ဒီနေ့တေ...

Read article
Mindset Vitamins

ဈေးပေါတဲ့စက်ရုပ်တစ်ရုပ်လို ခံစားနေရတဲ့ နေ့ရက်တွေအတွက်

တခါတလေ ကိုယ့်ကိုယ်ကို စက်ရုပ်တစ်ရုပ်လိုပဲ ပင်ပန်းမှုတွေကြားမှာ ဆက်လှုပ်ရှားနေရတတ်တယ်။ ဒါပေမယ့် ကိုယ်ပင်ပန်းနေတာက ကိုယ်တန်ဖိုးနည်းသွားတာ မဟုတ်ဘူး။ ဒီ Mindset Vitamin လေးက ကိုယ့်တန်ဖိုးကို ပြန်မြင်နိုင်ဖို့ နူးညံ့တဲ့ ဖြေဆေးတစ်ခွက်ပါ။

Read article